Poem Collections | Zephyr Zephyr's Poem

Monday, April 26, 2010

အောင်ချိမ့် - တောလား



ဒါကတော့ နောက်ထပ်တစ်အုပ်ပါ။
တောလားဖြစ်ပါတယ်။
အောင်ချိမ့်ရဲ့တောလားပါ။

တောလားကို ဆရာမောင်သာနိုးက Journey Through Jungle လို့ဘာသာပြန်ပါတယ်။ မြန်မာတွေ ပြောတဲ့တောလားကို အင်္ဂလိပ်လိုဖတ်ရင် အဲဒီ တောလားဆိုတဲ့စကားလုံးရဲ့ရသကို သိပါ့မလားလို့တွေးမိပါတယ်။ ရှေးခေတ်ဆရာတော်တွေရဲ့ တောလားတွေနဲ့ယှဉ်ပြီး ခံစားရတဲ့ရသကတော့ မြန်မာအစစ်တွေအတွက်ပဲ ပိုနားလည်ပါလိမ့်မယ်။ .... ခေတ်သစ်တောလားမှာ သစ်ရွက်လေးတွေ အရောင်ပြောင်းတဲ့အကြောင်းထက် ... ရှင်သန်နေထိုင်မှုတောအုပ်ထဲက ချွေးထွက်ရော သွေးထွက်ပါ များတဲ့အကြောင်းတွေကို ကဗျာဆရာက ဖွင့်ရေးထားပါတယ်။ ကဗျာရှည်တစ်ပုဒ်တည်းမှာ အဆင်အကွက်များစွာနဲ့ လောကဒဏ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တစ်မြစ်လို ရေးခြယ် စီးဆင်းသွားတာကိုတွေ့ရပါတယ်။

၂.
Category- Poem
Author- Aung Cheimt(အောင်ချိမ့်)
Title- တောလား
Publisher- ခါကာဘိုစာပေ
Published Date- 2010 Jan
Is Bilingual-Yes
Languages-Myanmar,English
Translator- Mg Tha Noe
Price -2000 kyats
No.Of Pages - 53




No comments:

Post a Comment